2.9.07

လသာညအကြောင်း


မှောင်မိုက်တဲ့ညအခါ တိတ်တဆိတ် ဖြာကျပြီး ပျပျလေး လင်းနေတဲ့ လရောင်ဟာ လူရဲ့ စိတ်ကို ကြည်နူး လှုပ်ရှား စေပါတယ်။အဆန်းတကြယ် ကွန့်မြူးစေပါတယ်။
ရိုးရှင်းလှပတဲ့ လသာညရဲ့ လရောင်အောက်မှာ သဘာဝရဲ့အလှ ကို ခံစားရင်း လူဟာ မိမိရဲ့ ခံစားချက်၊ခံစားချက် နဲ့ ယှက်နွယ်တဲ့ စိတ်ကူးစိတ်သန်း ကို ပြောပြချင်ပါတယ်။တစ်ပါးသူတို့ရဲ့ ခံစားချက်ကိုလဲ ကြားသိချင်ပါတယ်။
လသာည လို့ နာမည် ပေးဖြစ်တဲ့ အကြောင်းလေးပေါ့။

No comments: